Saturday, October 15, 2011

ကိုယ့်ကိုကိုယ် အသက်ကြီးလှပြီထင်ပါသလား။

ငါအသက်ကြီးလာပြီ။ ငယ်တဲ့သူတွေနဲ့မယှဉ်နိုင်တော့ဘူးဟု စိတ်ပျက်နေပါသလား။ ပြေးလွှားခုန်ပေါက် သည့် နေရာများတွင်တော့ ဟုတ်မည်ပေါ့။ အသက်အရွယ်ရလာ ဥာဏ်အမြော်အမြင် ပြည့်စုံလာတော့မှ ပို၍ပေါက်မြောက်အောင်မြင်နိုင်သောအရာများစွာ ရှိပါသည်။ အောက်ပါပုဂ္ဂိုလ်များ၏ စွမ်းဆောင်ချက်များကို ကြည့်ပါ။

၁။ အသက်၈၀မှာ ရုပ်ရှင်မင်းသားကြီး ဂျော့ခ်ျဗန်း(စ)သည် The Sunshine Boys ဇာတ်ကားတွင် ထူးချွန်စွာ သရုပ်ဆောင်နိုင်သဖြင့် အကယ်ဒမီဆု ရရှိခဲ့သည်။

၂။ အသက်၈၃နှစ်မှာ ယိုဟန်းဂါးထာသည် Faustပဇာတ်ကြီးကို အပြီးသတ် ရေးသား ခဲ့သည်။

၃။ အသက်၈၇နှစ်မှာ ကွန်းရက်အက်ဒီနောဝါးသည် ဂျာမနီဝန်ကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိ သည်။

၎။ အသက်၈၈နှစ်မှာ ကိုကိုရှနဲလ်သည် ဖက်ရှင်ဒီဇိုင်းလုပ်ငန်းကြီး၏ အကြီးအကဲအဖြစ် ဆောင်ရွက်နေခဲ့ သည်။

၅။ အသက်၈၉နှစ်မှာ အယ်လဘတ်ရွှိုက်ဇာသည် အာဖရိက၌ ဆေးရုံကြီးတစ်ရုံကို ကြီးကြပ်ကွပ်ကဲလျက် ရှိသည်။

၆။ အသက်၈၉နှစ်မှာ မေရီဘေကာအက်ဒီသည် ဘုရားရှိခိုးကျောင်းကြီးတစ်ခုကို ဦးဆောင်ကွပ်ကဲလျက်ရှိ သည်။

၇။ အသက်၉၁နှစ်မှာ အီမွန်ဒီဗလဲရားသည် အိုင်ယာလန်နိုင်ငံ သမ္မတအဖြစ် ဆောင်ရွက်ခဲ့သည်။

၈။ အသက်၉၂နှစ်မှာ စာရေးဆရာကြီး ဂျော့ခ်ျဘားနဒ်ရှောသည် Farfetched Fables ပြဇာတ်ကိုရေးသားခဲ့ သည်။

၉။ အသက်၉၄နှစ်မှာ တွေးခေါ်ရှင်ကြီး ဘာထရန်ရပ်ဆယ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စများကို တတ်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

၁၀။ အသက်၁၀၀မှာ ဘွားဘွားမိုးဇက်သည် ပန်းချီကားများ ရေးဆွဲလျက်ရှိသည်။



ဆရာကြီးဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ”မှ ထုတ်နှုတ်ရေးသားပါသည်။










1 comment:

  1. အားမငယ်တော့ဘူးအစ်မရေ..
    ညီမလည်း အသက်ရှစ်ဆယ်ကျော်ရင်
    စကတ်တိုဝတ်ပြီး ကစာပစ်လိုက်ဦးမယ်
    (ကိုယ့်အခန်းထဲမှာကိုပြောပါတယ်း)))
    နောက်တာပါရှင်...
    ဆရာဖေမြင့်ဆိုတာ ညီမအရမ်းကိုလေးစားရတဲ့သူတစ်ဦးပါ
    စိတ်ဓာတ်ခွန်အားတွေ အများကြီးရသွားပါပြီရှင်
    (အစ်မလည်း..အားမငယ်နဲ့နော် :P)
    ပျော်ရွှင်ချမ်းမြေ့ပါစေအစ်မရေ..
    ချစ်ခင်စွာဖြင့်

    ReplyDelete

Comment ရေးသော သူငယ်ချင်းများ စိတ်သောကများကင်းစင်ပြီး
စိတ်၏ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး အလိုရှိအပ်တောင့်တအပ်သော
အရာတိုင်းသည် အလိုရှိတိုင်းတောင့်တတိုင်းပြည့်စုံကြပါစေ....။