Tuesday, October 18, 2011

လက်တွေ့ကို....ဦးစားပေးခြင်း။


အတွေးအိမ်ထဲမှာ....
လေထုထဲ ရဲတိုက်ဆောက်နေလို့
ဘာမှဖြစ်လာမှာ မဟုတ်ဘူး....။
အိပ်မက်ထဲ ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာမှာ
ကျေနပ်စွာ လဲလျောင်းနေလို့လဲ
ဘာအဖြေမှ ထွက်လာမှာ မဟုတ်ဘူး.....။
လက်တွေ့မဲ့တဲ့ သဘောတရား
ရေလျဉ်ကျောမှာ မျောနေလို့လည်း
ဘယ်အဖြေမှ ထွက်လာမှာ မဟုတ်ဘူး....။
ဒီတော့.........
အိမ်တိုင်တစ်လုံးပဲ ....ထူထူ
လယ်တစ်ကွက်ပဲ .....ထွန်ထွန်
စာတစ်ပုဒ်ပဲ ...........ရေးရေး
လက်တွေ့ဟာ လက်တွေ့ပဲ.....။
ထိုင်နေသူထက်
မတ်တပ်ရပ်နေသူကို
နေမင်းကြီးက...အရင်ဆုံးပြေးလာပြီး
နွေးထွေးမှုကို......ပေးမှာပါ။ ။



1 comment:

  1. ကဗျာလေး.ကောင်းတယ်အစ်မရေ
    သဘောတရားလေးတွေ.နားလည်သွားပါတယ်
    ဟိုသီချင်းတောင်သတိရသွားတယ်အစ်မရယ်
    ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူးဆိုတာလေ
    ရှေးလူကြီးတွေပြောတာကျတော့
    ထိုင်နေမှအကောင်း..ထသွားမှကျိုးမှန်းသိတယ်တဲ့
    ဘယ်သူ့စကားယုံရမှာလဲဟင်..အစ်မ :P
    အလကား"စ"တာနော်အစ်မး)
    ချစ်ခင်လေးစားလျှက်..

    ReplyDelete

Comment ရေးသော သူငယ်ချင်းများ စိတ်သောကများကင်းစင်ပြီး
စိတ်၏ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး အလိုရှိအပ်တောင့်တအပ်သော
အရာတိုင်းသည် အလိုရှိတိုင်းတောင့်တတိုင်းပြည့်စုံကြပါစေ....။