Wednesday, October 5, 2011

အင်တာနက်သုံးရင်းဝင်ငွေရှာနိုင်ပြီ။

အင်တာနက်သုံးရင်း အပျင်းလည်းပြေ ပိုက်ဆံလည်းရှာချင်တယ်ဆိုရင်တော့ ကြော်ငြာဆိုက်တစ်ခုကို ညွှန်းလိုက်ပါရစေ။

ဒီဆိုက်မှာ Register လုပ်ပြီးရင် ကြော်ငြာ ၂၅ခုကို တစ်ခုချင်းကြည့်ရမှာ။

New Tab နဲ့ကြော်ငြာတွေအားလုံးကို အပြိုင်ခေါ်ကြည့်လို့ရမှာတော့ မဟုတ်ပါဘူး။

ကြော်ငြာတစ်ခုကို လိုင်းကောင်းရင် တစ်စက္ကန့်ပဲကြာပြီး ကြော်ငြာတစ်ခုကို ဒေါ်လာတစ်ဆင့်နှုန်းပေးပါတယ်။
၂၅ခုလုံးကြည့်ရင်တော့ ၃၄ဆင့်တောင်ပေးပါတယ်။

အကောင့်တစ်ခုဟာ တစ်ရက်ကိုတစ်ကြိမ်ပဲ ကြည့်ရှုခွင့်ရှိပါတယ်။

ဒါပေမဲ့ အကောင့်တွေအများကြီးကို ဘဏ်စာရင်းတစ်ခုထဲ ထည့်ပေးထားမယ်ဆိုရင်တော့ အကောင့်ဖွင့်ထား သလောက် ၀င်ငွေရှာနိုင်မှာ ဖြစ်ပါတယ်။

အင်တာနက်တပ်ထားပြီး တစ်နေကုန်အားနေရင်တော့ တစ်နေ့ကို ခုနှစ်ဒေါ်လာလောက်အထိ ရနိုင်မှာဖြစ်ပါ တယ်။

အကယ်၍ ဒုတိယအကောင့်ကို ဖွင့်တဲ့အခါမှာ ပထမအကောင့်က Refer လုပ်တဲ့အကြောင်း ဖြည့်ပေးမယ် ဆိုရင်ဒုတိယလူကြည့်တဲ့အတွက် ပထမအကောင့်က ကော်မရှင်ရဦးမှာ ဖြစ်ပါတယ်။

အကောင့်တွေပွားရင်ပွားထားသလောက် ကိုယ်က ကော်မရှင်ရနေဦးမှာပါ။

နောက်ပြီး နေ့တိုင်း ကြည့်တဲ့သူက အကောင့်တစ်ခုအတွင် တစ်ခုကို တစ်ဆင့်နှုန်းနဲ့ အကောင့်နှစ်ဆယ်ပွား ထားရင် နှစ်ဒေါ်လာ ကော်မရှင် ပေးရပါဦးမယ်။

တစ်ပတ်ဆက်တိုက်ကြည့်ရင် ၁၄ဒေါ်လာနဲ့ ၇၀ဆင့် စုစုပေါင်းတစ်လကို ၆၃ ဒေါ်လာလောက် ရနိုင်မယ့် အခွင့်အရေးရှိပါတယ်။

အရေးကြီးတာကတော့ အွန်လိုင်းဘဏ် အကောင့်တစ်ခုရှိရပါမယ်။

Alert Pay, Pay Pal ကြိုက်နှစ်သက်ရာ ဘဏ်အကောင့်တစ်ခုကိုပေးလိုက်ပါ။

ဒေါ်လာငါးဆယ်ပြည့်မှ ထုတ်ယူခွင့်ပြုပါတယ်။

ကိုယ့်နိုင်ငံမှာ အွန်လိုင်းဘဏ်စနစ်မရှိလို့ ထူးခြားမှာ မဟုတ်ဘူးလို့တော့ မထင်လိုက်ပါနဲ့။

အင်တာနက်ပေါ်ကနေ အခကြေးငွေနဲ့ ဆွဲယူရမယ့်ဆော့ဖ်ဝဲတွေ စာအုပ်တွေနဲ့ သီချင်းတွေကို ဒီကရှာထားတဲ့ ပိုက်ဆံတွေနဲ့ ရှင်းပေးလို့ရမှာ ဖြစ်ပါတယ်။

အောက်ပါလင့်ခ်မှာ သွားပြီး Register လုပ်ပြီးတာနဲ့ ၀င်ကြည့်လို့ရပါပြီ။

http://bux.to/ ပါ။













1 comment:

  1. ကြားဖူးတယ်အစ်မ
    သူက IP Address နဲ့ကြည့်တယ်ပြောတယ်အစ်မ
    ပြီးတော့ ဒီနေ့ဒီစက်ကနေကြည့်ရင်
    နောက်နေ့အဲဒီ့စက်ကပဲကြည့်မှရတယ်တဲ့
    အဲလိုမဟုတ်ရင် ကိုယ့်အကောင့်ကို burn တယ်ပြောတယ်အစ်မ
    အိမ်ကအစ်ကိုပြောတာပါ။း))
    ညီမတော့သိပ်နားမလည်ဘူးရှင့် ဟီးးး
    ဘာပဲဖြစ်ဖြစ်အစ်မရယ် အပိုဝင်ငွေရတယ်ဆိုတော့
    မဆိုးဘူးပေါ့..:P

    ReplyDelete

Comment ရေးသော သူငယ်ချင်းများ စိတ်သောကများကင်းစင်ပြီး
စိတ်၏ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး အလိုရှိအပ်တောင့်တအပ်သော
အရာတိုင်းသည် အလိုရှိတိုင်းတောင့်တတိုင်းပြည့်စုံကြပါစေ....။