Wednesday, September 28, 2011

ဆန္ဒ၏သစ္စာ



ဆန္ဒ၏သစ္စာ

ကောင်းစေချင်တဲ့ဆန္ဒတစ်ခုဟာ
အဖြူရောင်ဖြစ်ရင်
ဖြစ်နေတဲ့စိတ်ဟာ အတ္တခေါ်မလား……။
ပျော်နေစေချင်တဲ့စိတ်က
နင့်အတွက် ငါ့အတ္တပါ…….။
ငါ့စိတ်ကူးတွေကတိမ်နဲ့တူပြီး
ငါ့သံယောဇဉ်တွေက ရေမြှုပ်ဖြစ်နေသလား……။
နင်ပြောခဲ့တဲ့စကားတွေ
နင်ရေးခဲ့တဲ့ကဗျာတွေ
ငါတို့အတူနားထောင်ခဲ့တဲ့ သီချင်းသံလေးများလည်း
လေထဲပျောက်ပျက်ခဲ့ပြီ……။
နောက်ထပ် ဘယ်နှစ်ည၊ဘယ်နှစ်ရက်၊ ဘယ်…………
ဟိုးအဝေးဆုံး သံသရာအစွန်းထိ
ငါတို့ဆုံမှတ်ရှိဦးမလား……။
လွမ်းတတ်တဲ့နှလုံးသားမှာ
ဒဏ်ရာအပိုကပ်ခဲ့ပြီမို့……
အိပ်မက်ဆုံချက်တွေ
ဘယ်နေရာမှာ သိမ်းဆည်းရမလဲ……..။
စကတည်းက အဆုံးသတ်မရတဲ့
သံယောဇဉ်တွေပဲလေ
တကယ်လို့များ အခက်အခဲတွေက
နင်ဆက်မယ့်လမ်းမှာ
ဆူးပန်းတွေလို ဝေနေပြီဆိုရင်
ငါ့ရင်ခွင်ကို သတိရပါ….။
ရာသီတွေလည်းပြောင်းနေတယ်။
ကမ္ဘာကလည်း လည်နေတယ်။
နာရီတွေ မရပ်တန့်သရွေ့
ငါကတော့…………။             ။



ခံစားရေးဖွဲ့သူ
 မစိုး


2 comments:

  1. ကတောက်... ဒီလူကွာ..နာ့.အစ်မကိုများ
    မှိုချိုးမျှစ်ချိုး၊ကနဖော့ချိုး၊ကန်စွန်းချိုး..ချိုးသွားလိုက်တား)
    ဟင်းး တွေ့ရင်တော့လား.. (ဘာမှ မလုပ်ပါဘူးလို့ :P )
    မျှော်လင့်မနေနဲ့အစ်မရေ..တစ်ယောက်မပြောင်း သူကောင်းမဖြစ်တဲ့
    ပြောင်းသာ ပြောင်းပလိုက် !
    အိန်း.. ဒီအဖြစ်တွေကို ကြိုသိနေလို့ အပျိုကြီးလုပ်နေတာ :D

    ReplyDelete
  2. စိတ်ကူးအတွေးပါ ညီမလေးရယ်

    ReplyDelete

Comment ရေးသော သူငယ်ချင်းများ စိတ်သောကများကင်းစင်ပြီး
စိတ်၏ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး အလိုရှိအပ်တောင့်တအပ်သော
အရာတိုင်းသည် အလိုရှိတိုင်းတောင့်တတိုင်းပြည့်စုံကြပါစေ....။