Wednesday, September 21, 2011

ထာဝရ



ထာဝရ

ထာဝရဆိုတော့လည်း
မကြာခဏလွမ်းမိတယ်….။
ချစ်သူနဲ့ကွဲ ဆင်းရဲတွေ
မုန်းသူနဲ့တွဲ ဆင်းရဲတွေ
မကြုံချင်ကြတာ လူ့သဘာဝပါ…။
ထာဝရဆိုတဲ့ အကန့်အသတ်ဟာ
သံသရာကို mm နဲ့တိုင်းပြီး
ချစ်လိုက်တဲ့အချစ်မျိုးကို ဆိုလိုတာပါ…။
ချစ်တာမှာ သစ္စာမပါရင်
မေတ္တာဟာအလကားဆိုတဲ့ စကား
သတိရစရာပါပဲ…။
ချစ်သူကို ချစ်နေရခြင်းဟာ
ဘဒၵကမ ၻာရဲ့ ဒုလႅဘတရား 
တစ်ခုလည်းဖြစ်တယ်…။

ခံစားရေးဖွဲ့သူ
မစိုး

4 comments:

  1. “ချစ်တာမှာ သစ္စာမပါရင်
    မေတ္တာဟာအလကား”
    ဆိုတဲ့စာကြောင်းလေးတော်တော်“ထိမိ”ပါတယ်ရှင်။
    ကဗျာပိုင်ရှင်မစိုးကြီး(စိုးမြတ်သူဇာနဲ့နှိုင်းပြောတာပါရှင်း)လည်း
    ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျလို့..လွမ်းနေရသူဖြစ်နေရင်လည်း
    အလွမ်းတွေကင်းဝေးနိုင်ပါစေကြောင်း..
    ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်..
    ဒါနဲ့အစ်မ
    အစ်မကစီဘောက်မထားထားလို့ညီမဒီကပဲခွင့်တောင်းပါရစေ
    လင့်ခ်ချိတ်ခွင်ပြုဖို့ပါရှင်..။
    ချစ်ခင်လေးစားစွာဖြင့်..

    ReplyDelete
  2. ဟုတ်ကဲ့ပါ သမန်းစီး သမီးစံ
    လာရောက်လည်ပတ်ခဲ့တာကျေးဇူးတင်ပါတယ်။
    စီဘောက်ကထားသေးတယ်။
    စီဘောက်က စာတွေ ဒလိမလုပ်တတ်လို့ဖြုတ်ထားလိုက်တာ။အဟီး:)

    ReplyDelete
  3. အစ်မ..စီဘောက်ထဲက message တွေ
    ဖျောက်ချင်ရင်..(အဟမ်း..အဟမ်း !) :)
    စီဗုံးထဲကို username password ရိုက်ပြီးဝင်လိုက်အစ်မ
    ပြီးတော့ homeတို့publishတို့ရှိတဲ့အတန်းရဲ့ဟိုးနောက်ဆုံးမှာ
    messages ဆိုတာရှိပါတယ်။အဲဒါလေးကိုနှိပ်လိုက်အစ်မ
    ပြီးရင်အပေါ်ကပေါ်နေတဲ့ messages ဆိုတာလေးကိုပဲထပ်နှိပ်လိုက်ပါရှန့်
    ပေါ်လာတဲ့ box ထဲမှာ အစ်မဖျက်ချင်တဲ့ စာရှေ့ကတုံးလေးကို
    click တပ်ပြီး delete ကိုနှိပ်လိုက်ရုံပါပဲရှင်...း))
    ဤတွင်သတင်းများကိုကြေငြာလို့ပြီးပါပြီ..းP
    “မီးမီးရေးထားတာလေးတွေကိုတော့ ဖျက်ရဘူးနော်” ဟဲဟဲ


    ပျော်ရွှင်ပါစေမကြီးစိုးရှင်
    ချစ်ခင်စွာဖြင့်

    ReplyDelete
  4. မီးမီးလေးရေးထားတာ မဖျက်ပါဘူးရှင်
    မကြီးစိုး ဆိုတော့ ကိုယ့်ကိုကိုယ် စိုးမြတ်သူဇာလိုလို ဘာလိုလို
    အဟီးးး))))))))))))

    ReplyDelete

Comment ရေးသော သူငယ်ချင်းများ စိတ်သောကများကင်းစင်ပြီး
စိတ်၏ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး အလိုရှိအပ်တောင့်တအပ်သော
အရာတိုင်းသည် အလိုရှိတိုင်းတောင့်တတိုင်းပြည့်စုံကြပါစေ....။